Pages

Pages

ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ(၁၃၂၈)ဦးခန့်အား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့ထား



ကမမောင်း၊ ဇူလိုင် ၂၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ(၁၃၂၈)ဦးခန့်အား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့ထားကြောင်း ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရေလွှမ်းမိုးမှုကြောင့် ရပ်ကွက်အချို့ရှိ နေအိမ်များနှင့် အခြေခံပညာစာသင်ကျောင်းများအတွင်းသို့ မြစ်ရေဝင်ရောက်လျက်ရှိသောကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားရပြီး ရေဘေးသင့်အိမ်ထောင်စု(၂၉၀)စု၊ ကျား(၆၄၂)ဦး၊ မ(၆၈၆)ဦး လူဦးရေစုစုပေါင်း (၁၃၂၈)ဦးတို့အား ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အုန်း‌တောအခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတို့တွင် ဖွင့်လှစ်ထားရှိသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ တာဝန်ရှိသူများက ပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကမမောင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ထမင်းဘူးများ၊ စေတနာရှင်အလှူရှင်များက သောက်ရေသန့်များကို လှူဒါန်း‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းများအား အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်မမှူးနှင့် တပ်မတော်သားများ၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များ၊ လူမှူရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment