Pages

Pages

၂၀၂၄ အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ မြန်မာ့အလံကို ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူ






ပဲရစ်၊ ဇူလိုင် ၂၇

၂၀၂၄ အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကမ္ဘာကျော် အီဖယ်လ်မျှော်စင်ကြီး(Eiffel Tower) ဘေး Seine မြစ်ထဲမှာ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အားကစားအဖွဲ့လည်း ပါဝင်ခဲ့ပြီး မြန်မာ့အလံကို ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူခဲ့ကြပါတယ်။

ပြိုင်ပွဲဝင် နိုင်ငံအလိုက် အားကစားသမားတွေဟာ သင်္ဘောတွေနဲ့ နိုင်ငံအလံတွေကိုင်ပြီး ဖွင့်ပွဲမှာ ပါဝင်ခဲ့ကြခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားအဖွဲ့က အခြားသော ကမ္ဘာ့နိုင်ငံတွေနဲ့အတူ ပါဝင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့အလံကို ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ကြွားကြွားနဲ့ ကိုင်ဆောင်ထားတာကို တွေ့ရတာ ဂုဏ်ယူဖွယ်ရာတွေ့မြင်ရပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment