Pages

Pages

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းခဲ့သဖြင့် အိမ်ထောင်စု အချို့ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွေ့

 



ရွှေတောင် ၊ ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများအနက်  ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းခဲ့သဖြင့် အိမ်ထောင်စု အချို့မူလ နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်းသိရသည်။

      ထိုသို့ ဧရာဝတီမြစ်ရေ ကျဆင်းမှုကြောင့် မြို့ပေါ်ရပ်ကွက်  (၃)ရပ်ကွက် နှင့်ကျေးရွာအုပ်စု( ၁၂) အုပ်စု  ၊အိမ်ထောင်စု အချို့ရှိ  အိမ်ခြေ ( ၁၉၇) ၊အိမ်ထောင်စု ( ၂၀၃)စု ၊လူဦးရေ( ၅၃၃) ဦးတို့အား ၎င်းတို့၏ မူလနေထိုင်ခဲ့သည့် နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့နိုင်ရေးအတွက် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

      ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွေ့ရန်အိမ်ခြေ( ၁၀၅၅) အိမ်၊အိမ်ထောင်စု ( ၁၁၀၃)စု၊လူဦးရေ (၃၈၄၄)ဦးကျန်ရှိသေးကြောင်းမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment