Pages

Pages

တောင်တွင်းကြီးမြို့နယ်၌ ဆီထွက်သီးနှံအထူးဇုန်ရှိ မိုးနေကြာများ အောင်မြင်ဖြစ်ထွန်း




တောင်တွင်းကြီး  ၊  ဇူလိုင် ၁၁


မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံအထူးဇုန်အဖြစ် ကျေးရွာအုပ်စု (၁၈)အုပ်စုရှိ လယ်ယာမြေများတွင် မေလဆန်းတွင် မိုးဦးမိုးဖြင့်စိုက်ပျိုးခဲ့သည့် မိုးနေကြာသီးသန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံအထူးဇုန်အဖြစ် မိုးနေကြာ စိုက်ဧကအထူးဇုန်ရှိ ကျေးရွာအုပ်စု (၁၈)အုပ်စုမှ  တောင်သူ (၁၈၃)ဦးတို့က လျာထားဧက (၁၂၀၀)ဧကနှင့်  အထူးဇုန်ပြင်ပ လျာထားဧက (၂၄၁၃)ဧကတွင် အထူးဇုန်နှင့် ဇုန်ပြင်ပ လျာထားဧက စုစုပေါင်း (၃၆၁၃)ဧကဖြစ်ပြီး  စိုက်ပြီးဧက (၃၆၆)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး အောင်မြင်ဖြစ်ထွန်း၍  အထွက်နှုန်းကောင်းမွန်စေရန်နှင့် လျာထားဧက ပြည့်မီအောင် ကျန်ရှိသည့် မိုးနေကြာစိုက်တောင်သူများအား ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ရန်နောင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment