Pages

Pages

ရွှေတောင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ





ရွှေတောင်  ၊  ဇူလိုင်  ၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထက( ခွဲ)  သရက်တောကျောင်းတွင် ယနေ့နံနက် ၉း၃၀ နာရီက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် -၂ဦးကျော်လွင်က  အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြအေးက ကလေးအခွင့်အရေးဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ခရိုင် လူမှုဝန်ထမ်းဦးဌာန ဦးစီးမှူး ဒေါ်မို့မို့အေးနှင့် ရွှေတောင်မြို့နယ် လူမှုဝန်ထမ်းဦးဌာန ဦးစီးမှူး ဒေါ်မိမိချိုတို့မှကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူ လေးများအား ပြန်လည်မေးမြန်းရာ ဖြေဆိုနိုင်သူများကို ဆုလက်ဆောင်များပေးအပ်ခဲ့သည်။

     ထို့နောက် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ရှိန်မြင့်မားရေးနှင့် ကလေးအလုပ် သမား ပပျောက်ရေး အသိပညာပေးဟောပြောပေးခဲ့ပြီး ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး  နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment