ကျိန်စာသင့် စစ်ကိုင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိန်စာသင့် စစ်ကိုင်း

 


ကျိန်စာသင့် စစ်ကိုင်း


သမိုင်းမော်ကွန်းထိုး

ဂုဏ်ယူဝံ့ကြွားဖွယ်အပြည့်

စစ်ကိုင်းဟေ့ ဆိုတာနဲ့

ဦးအောင်ဇေယျရဲ့ဇာတိ

ရွှေဘိုကို ပြေးမြင်မိကြလိမ့်မယ်။

သာသနာပြု ပုဂ္ဂိုလ် အကျော်အမော်တွေ

ထွန်းပေါ်လာအမြောက်အများ

စစ်ကိုင်းကလို့ ဂုဏ်ယူဝံ့ကြွားနိုင်ခဲ့ကြတယ်။

တကယ်တော့ စစ်ကိုင်းဟာ

မြန်မာ့သမိုင်းနဲ့ 

သာသနာ့သမိုင်းအတွက်

အထင်ကရအဖြစ် ဆက်ရှိနေအုံးမှာပါ။

သမိုင်းမှတ်တမ်းတွေအရ

အထင်ကဖြစ်ခဲ့တဲ့ စစ်ကိုင်း

အခုတော့ ပြည်ဖျက်မိစ္ဆာတွေရဲ့မှိုင်းနဲ့

စစ်ကိုင်းတိုင်းသားတွေက

အကြမ်းဖက်သမားတွေ ဖြစ်လာကြပြီ။

ဦးအောင်ဇေယျရဲ့ 

သွေးသားအရင်းအချာတွေက

KNU, KIA အဖွဲ့များထံ တပည့်ခံ

ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး

ကိုယ့်အချင်းချင်း ရက်စက်စွာ သတ်ကြသတဲ့။

တိုင်းပြုပြည်ပြု လုပ်မယ်ဆိုတဲ့

NLD လွှတ်တော်အမတ်တွေက

အကြမ်းဖက်အဖွဲ့ခေါင်းဆောင်

သူတို့ရဲ့ နောက်လိုက်တွေက

အကြမ်းဖက်သမားဖြစ်

KNU, KIA ရဲ့ သြဇာခံတွေဖြစ်လာတော့

အနန္တဂိုဏ်းဝင် 

သံဃာတော်လည်း မသိ

ဆရာ/ဆရာမ ဆိုလည်း မချန်

ဘိန်းစားပြီး လူစိတ်ပျောက်

ငရဲလမ်းကို ဖောက်ခဲ့ကြပြီ။

ကောင်းမှုတော်ကို ရောက်တော့

စစ်ကိုင်းဟာ ကျိန်စာတိုက်ခံရပြီတဲ့

NLDအစိုးရလက်ထက်က

အောက်လမ်းနည်းတွေနဲ့

စီမံထားတဲ့ စည်တော်ကြီး

ဘုရားကြီးထဲက ရွှေ့လိုက်ပြီလို့ဆို

တစ်လုံးက ရှာမတွေ့သေး

ကျိန်စာ မပြယ်သေးတဲ့သဘော

ပြောကြလေရဲ့။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ

ပကတိအနေအထားကတော့

ကျိန်စာသင့်သည့်အလား

တိုက်ပွဲ မှန်သမျှမှာ ပဒက်ပါ

ဈေးပေါလွန်းတဲ့ အသေခံတပ်သား

သေဘေးကြုံ လမ်းဘေးပုံထား

ကျီးထိုးထိုး ခွေးစားစား။

အထင်ကရ ရှိခဲ့တဲ့ စစ်ကိုင်း

၂၁ ရာစုအရောက်မှာ

ပြည်ဖျက်မိစ္ဆာတွေရဲ့မှိုင်းနဲ့

ကျိန်စာသင့်ခဲ့ရလေပြီ

ရင်နာလှသည် ။   ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)