Pages

Pages

ကြံခင်းမြို့ ယာယီရေဘေးရှောင်စခန်း၌ မွေးဖွားသော ကလေးနှစ်ဦးအား တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကလေးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်






ကြံခင်း၊ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတော်စုရပ်ကွက်၊  မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမ ယာယီရေဘေးရှောင်စခန်း၌ မွေးဖွားသော ကလေးနှစ်ဦးအား ယမန်နေ့ နေ့လယ်ပိုင်း က တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကလေးသုံးအဆောင်ပစ္စည်းများ ထပ်ဆင့် ထောက်ပံ့ပေးအပ်ကြသည်။

အဆိုပါ မွေးခင်းစကလေးနှစ်ဦးအတွက် တိုင်းဒေသကြီး အမျိုးသမီးရေးအဖွဲ့ နာယကကြီးမှ ထောက်ပံ့ပေးအပ်သော အနီးပိတ်စ (၂၀) နှင့် မွေးကင်းစ ကလေးဝတ်အင်္ကျီ (၂၀) စုံတို့အား ခရိုင်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ‌ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင် များက ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ပြီး ထပ်ဆင့်ပေးအပ်ကြသည်။

ထို့နောက် ယာယီရေဘေးရှောင်ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာမျိုးအိအိထွန်း နှင့်ဝန်ထမ်းများက ကျန်းမာရေး‌စောင့်ရှောက်နေမှုများကို ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးကြသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်ခဲ့ကြရာတွင် ကျား ၅ ဦးနှင့် မ ၁၂ ဦး စုစုပေါင်း ၁၂ ဦးအား ကုသပေးခဲ့ကြောင်း သိရသည်။



ဖြိုးဝေလင်း

#MyanmarNationalPost

No comments:

Post a Comment