Pages

Pages

ကျောက်ဆည်မြို့နယ်တွင် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၁၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇူလိုင်လ ၁၄ ရက်နေ့ ၂၁၀၀ အချိန် ကျောက်ဆည်မြို့နယ်၊ သံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် နိုင်ဝင်း မောင်းနှင်ပြီး အေးကိုဝင်း လိုက်ပါလာသည့် ၁၂ ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဓာတုပစ္စည်းများဖြစ်သည့် HYDROGEN PEROXIDE ၆၈၀၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၀၄ သိန်း)၊ CAUSTIC SODA ၄၁၂၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈၅.၆၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နိုင်ဝင်း(၂၆)နှစ် နှင့် အေးကိုဝင်း(၂၆)နှစ်တို့အား သံရွာနယ်မြေရဲစခန်းတွင် ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment