Pages

Pages

မင်းလှမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၂) ကျောင်း ယာယီပိတ်ထား




အထက်မင်းလှ၊ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာအထက်တန်ကျောင်းခွဲ (၁) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁) ကျောင်း စုစုပေါင်း(၂) ကျောင်းကို ယနေ့နံနက်ပိုင်းက စတင်ပြီး ယာယီပိတ်ထားကြောင်း သိရသည်။

အဆိုပါ ယာယီပိတ်ထားသော ကျောင်းများမှာ သပြေတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ပေတောကန္နားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတို့ဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မြစ်ရေများ ပြန်လည်ကျဆင်းချိန်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ စာသင်ချိန်များ အစားထိုးပြန်လည်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဇာဇာ(အထက်မင်းလှ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment