Pages

Pages

မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေအမှတ်ထက် (၅)ပေ ခွဲခန့်ကျော်လွန်နေပြီ







မြစ်ကြီးနား၊ ဇူလိုင် ၁

ကချင်ပြည်နယ်၏ အထက်ပိုင်းဒေသများနှင့် မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင်း ဧရာဝတီမြစ်ရေမြင့်တက်ကာ မြစ်ကြီးနားမြိုအတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ယ‌မန်နေ့ ညနေပိုင်းမှ စတင်ဖြစ်ပွားလျက်ရှိသည်။

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် ကြက်ပေါင်ခြံ၊ လယ်ကုန်း၊ မြေမြင့်၊ ပမ္မတီး၊ ခေမာသီရီ၊ စီတာပူ စသည့် မြေနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ ရှာ‌ဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ဆက်လက်၍ မြစ်ရေဝင်ရောက်နိုင်သည့် ရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများအားလည်း ဘေးလွတ်ရာသို ရွေ့ပြောင်းခြင်းနှင့် အခြားလိုအပ်သော အကူအညီများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြစ်ကြီးနားမြို့ရှိ လူမှုကူညီရေးအသင်းအဖွဲများထံ မှ သိရသည်။

မြစ်ကြီးနားမြိုတွင် ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ၁ နာရီလျှင် (၃) လက်မခန့် မြင့်တက်နေပြီး စိုးရိမ်ရေအမှတ်ထက် (၅)ပေ ခွဲခန့်ကျော်လွန်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရှိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပိုရန် Viber, Telegram - 09692366274)

No comments:

Post a Comment