Pages

Pages

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ကျွေးမွေးလှူဒါန်း



ငါးသိုင်းချောင်း  ၊   ဇူလိုင်  ၃


ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်း မြို့တွင်ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အာဟာရဒါနကျွေးမွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၏ ဦးဆောင်မှုဖြင့် မြို့အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဝေလွင်၊ မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာသန့်ဇော်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့အမျိုးသမီးရေးရာအဖွဲ့မှ အဘိုးအဘွား(၁၄၀)ယောက်တွက်အလှူငွေများနှင့် အာဟာရများကျွေးမွေး လှူဒါန်းခဲ့ကြကြောင်းသိရသည်။


ငါးသိုင်းချောင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment