Pages

Pages

ရေစကြိုမြို့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်၍ ရေဘေးရှောင်ပြည်သူများအား စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး




ရေစကြို ၊   ဇူလိုင်  ၁၈


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေးနေ မြေနိမ့်ပိုင်းများတွင် နေထိုင်သည့် အိမ်ထောင်စု(၁၂၅)စု ရေနစ်မြှုပ်မှုခံစားရပြီး ရေဘေးရှောင်စခန်းများတွင် နေထိုင်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက စားသုံးဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည်။


ရေဘေးရှောင်ပြည်သူများအား ကယ်ဆယ်ရေးစခန်းများဖြစ်သည့် တိုက်ကြီးကျောင်း (ကယ်ဆယ်ရေးစခန်း အမှတ်-၁)၊ ဂူကြီးကျောင်း(ကယ်ဆယ်ရေးစခန်း အမှတ်-၂)နှင့် မြို့ထဲလေးမျက်နှာ(ကယ်ဆယ်ရေးစခန်းအမှတ်-၃)တို့တွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များက စားသုံးဆီတစ်ပိဿာကို(၆၅၀၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် စားသုံးဆီ(၂)ပိဿာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment