Pages

Pages

(၄၆)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးသို့ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်




နယူးဒေလီ၊ ဇူလိုင် ၂၂

(၄၆)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားအား အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Bharat Mandapam အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ၂၁-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ 

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရင်ဒြာ မိုဒီမှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ရှရီ ဂဂျန်ဒြာ ဆင်း ရှီခါဝဒ်၊ UNESCO ညွှန်ကြားရေးမှူးချုပ် Ms Audrey Azoulay၊ ကမ္ဘာ့အမွေအနှစ်ကော်မတီဥက္ကဋ္ဌ ရှရီ ဗီရှယ် ရှာမ တို့ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးကို ၂၁-၇-၂၀၂၄ ရက်နေ့မှ ၃၁-၇-၂၀၂၄ ရက်နေ့အထိ (၁၁)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ခွင့်ဆိုင်ရာ အဆိုပြုချက်များ၊ လက်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (၁၂၄) ခုအတွက် အစီရင်ခံစာများ၊ နိုင်ငံတကာ အကူအညီနှင့် ကမ္ဘာ့အမွေအနှစ် ရန်ပုံငွေ ခွဲဝေအသုံးချမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။ 

အိန္ဒိယနိုင်ငံမှ ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် မှတ်ပုံတင်ထားသည့် စာရင်းများအရ နိုင်ငံပေါင်း (၁၅၀)မှ ကိုယ်စားလှယ် စုစုပေါင်း (၂,၀၀၀) ခန့်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment