Pages

Pages

တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကျောင်း (၁၀၄) ကျောင်းမှ ဆရာတော်၊ သံဃာတော် (၁၀၈၀) ပါးအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူပွဲကျင်းပ

 



တောင်ကြီး  ၊  ဇူလိုင် ၂၉


ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်ကြီးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်း (၁၀၄) ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူပွဲကို ယမန်နေ့ နံနက် (၅) နာရီခွဲက တောင်ကြီးမြို့ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမာန်ကျောင်းရှေ့၌ ကျင်းပသည်။


ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းလောင်းလှူပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်၍ ဆွမ်းနှင့် ဆွမ်းဟင်းများ၊ အချိုပွဲများ၊ သစ်သီးများ၊ ခေါက်ဆွဲခြောက်များ လောင်းလှူပေးကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊  သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းများ၊ ခေါက်ဆွဲခြောက်များ၊ သစ်သီးများ၊ အချိုပွဲများလောင်းလှူနေမှုကို လှည့်လည်ကြည့်ရှုကြပြီး ဆွမ်းလာရောက်လောင်းလှူသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြ​သည်။


အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကျောင်းမှ ရဟန်း(၃၀၀)ပါး၊ သာမဏေ(၇၈၀)ပါး စုစုပေါင်း(၁၀၈၀)ပါးအား လောင်းလှူပေးကြပြီး ဝါတွင်းကာလတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများက လောင်းလှူသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment