Pages

Pages

ကိုရီးယား-အာဆီယံ ဂီတပွဲတော် ၂၀၂၄ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက် ဖွင့်လှစ်



ဘူဆန်၊ ဇူလိုင် ၉

အာဆီယံ-ကိုရီးယားသမ္မတနိုင်ငံတို့၏ (၃၅) နှစ်မြောက် မိတ်ဖက်ဆက်ဆံရေးနှစ်ကို ဂုဏ်ပြုသော အားဖြင့် အာဆီယံယဉ်ကျေးမှုစံအိမ် (ASEAN Culture House- ACH) နှင့် ကိုရီးယားရုပ်သံလွှင့် ဌာန (Korean Broadcasting System- KBS) တို့မှ ကြီးမှူးကျင်းပသည့် ကိုရီးယား-အာဆီယံ ဂီတပွဲတော် ၂၀၂၄ (Korea-ASEAN Music Festival 2024 ROUND) ဖွင့်ပွဲအခမ်းအနားကို ဘူဆန်မြို့ရှိ ASEAN Culture House ၌ ကျင်းပပြုလုပ်ရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် တက်ရောက်၍ အခြားအာဆီယံနိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲ များနှင့်အတူ ဖွင့်လှစ်ပေးခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး H.E. Seok-in Hong ၊ Korea Foundation ဉက္ကဋ္ဌ Amb. Gheewhan Kim နှင့် ကိုရီးယား ရုပ်သံလွှင့်ဌာန အမှုဆောင်အရာရှိချုပ် Mr. Min Park တို့လည်း ပါဝင်တက်ရောက်၍ မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာသံအမတ်ကြီးသည် ကိုရီးယားရုပ်သံလွှင့်ဌာန (KBS) ဘူဆန်ခန်းမ၌ ပြုလုပ်သည့် ဂီတပွဲတော်သို့ တက်ရောက်အားပေးခဲ့သည်။ 

အဆိုပါဂီတပွဲတော်သို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နာမည်ကြီးအဆိုတော်များနှင့် ကိုရီးယားသမ္မတနိုင်ငံမှ K-Pop အဆို တော်များ ပါဝင်ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment