Pages

Pages

ငါးသိုင်းချောင်းမြို့တွင်အသက် (၇၀)နှင့်အထက်အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်






ငါးသိုင်းချောင်း၊ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀ )နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့ နံနက်(၀၈:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာသန့်ဇော်ထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ဆေးပေးခြင်း၊ဆေးထိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး  မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အလှူရှင်များမှအလှူငွေများနှင့် အာဟာရများကျွေးမွေးလှူဒါန်းခဲ့ကြသည်။  အဆိုပါ အဘိုးအဘွားများအားကျန်းမာရေးစောင့်ရှောက် မှု့ကို  ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျှက်ရှိရာ ယခုနှင့်ဆိုလျှင် (၄၉) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment