Pages

Pages

ဂွမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 





ဂွ    ၊  ဇူလိုင်   ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင်  မြို့နယ်ဌာနဆိုင်ရာများက မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း  စုပေါင်းသန့်ရှင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်၌

မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သစ်ပင်၊ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း ၊ ပေါင်းမြက်များရှင်းလင်းခြင်းများကို  စုပေါင်း ဆောင်ရွက် ခဲ့ကြပြီး ထွက်ရှိလာသော အမှိုက်များအား  စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment