Pages

Pages

ရေဖြုမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ငါးရက်ခန့် ရေကြီးရေလျှံဖြစ်ပေါ်ပြီး ရေများပြန်လည်ကျဆင်း

 




ရေဖြူ  ၊ ဇူလိုင်  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် မိုးရေချိန် (၁၈)လက်မကျော် ရွာသွန်းပြီး ဇူလိုင် ၂၅ မှစ၍ ယမန်နေ့အထိ မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။


ဇူလိုင် ၂၅ ရက်နေ့တွင် ကားလမ်းများနှင့် အနိမ့်ပိုင်း ရပ်ကွက်ကျေးရွာများသို့ အမြင့်(၃)ပေမှ (၆)ပေအထိ ရေတက်ခဲ့ပြီး ယနေ့ ဇူလိုင် ၃၀ ရက်နေ့တွင်မြစ်ရေပြန်လည်ကျဆင်းပြီး သွားလာ၍ ရပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါ ထားဝယ်မြစ်ရေ မြင့်တက်မှုကြောင့် လမ်းပေါ်ကားနှင့် ဆိုင်ကယ်များ သွားလာ၍ ရနေသော်လည်း အချို့လယ်များ ရေနစ်မြုပ်‌နေဆဲဖြစ်ပြီး၊ လူနှင့်တိရစ္ဆာန် သေဆုံးမှု မရှိကြောင်းနှင့် ရွှေ့ပြောင်းပေးရသည့် အိမ်ထောင်စုများ မရှိကြောင်း သိရသည်။


ခတ္တာ

https://t.me/MyanmarNationalPost

No comments:

Post a Comment