Pages

Pages

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံ ဧက ၅၀၀၀ ကျော် စိုက်ပျိုးပြီးစီး





ကျွန်းလှ  ၊  ဇူလိုင်  ၄


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ စိုက်ပျိုးမှုအဖြစ်၊ ပဲစင်းငုံနှင့် ပဲတီစိမ်းသီးနှံများစိုက်ပျိုးကြရာ ဇွန်လကုန်အထိ ပဲစင်းငုံ ဧက ၅၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


 “ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပဲစင်းငုံ စိုက်ပျိုးဖို့ ၁၁၅၄၁ ဧက လျာထားပြီး လက်ရှိအချိန်ထိ ၅၂၀၅ ဧက စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တောင်သူ‌တွေ ပဲစင်းငုံသီးနှံကို ဇွန်လက စတင်စိုက်ပျိုးကြပြီး အစေ့ထုတ်ပြောင်းနဲ့ သီးညှပ်စိုက်ပျိုးကြသလို သီးသန့်လည်းစိုက်ပျိုးကြပါတယ်။ တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးလာကြပြီး စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေး လျက်ရှိပါတယ်” ဟုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။


ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၄၀၉၇ ဧက၊ ပဲမျိုးစုံ ၁၆၉၅၃ ဧက၊ ဆီထွက်သီးနှံ ၇၃၁၄ ဧက၊ အခြားသီးနှံ ၁၆၉၄၅ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက၊ စုစုပေါင်း ၇၆၈၅၈ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းများအရ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment