ကလောမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

 




ကလော  ၊ ဇူလိုင် ၁၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီက ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီနှင့် အဖွဲ့ဝင်များက ဘော်ဆိုင်းကျေးရွာရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းစာကြည့်တိုက်တွင် စာအုပ်စာစောင်များအား စနစ်တကျထားရှိစေရေး၊ စာကြည့်တိုက်လက်စွဲစာစောင်ပါအတိုင်း တိုက်ပိုင်ရေးသွင်းခြင်း၊ မျိုးတူစုဘာသာအလိုက်ထားရှိရေးနှင့် သုတ/ရသ၊ မဂ္ဂဇင်းဂျာနယ်စာစောင်များ စနစ်တကျထားရှိစေရေးတို့ကို ကျောင်းစာကြည့်တိုက်တာဝန်ခံများနှင့်တွေ့ဆုံ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)