Pages

Pages

ပုလောမြို့နယ်၊ နန်းသီလာကျေးရွာအုပ်စု သပြုပြင်ကျေးရွာရှိ အိမ်ထောင်စု(၃၀၀)အတွက် ဆေးရည်စိမ် ခြင်ထောင်အလုံးရေ (၃၀၀) ပေးအပ်



ပလောက်၊ ဇူလိုင် ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင်၊ နန်းသီလာကျေးရွာအုပ်စု သပြုပြင်ကျေးရွာရှိ အိမ်ထောင်စု (၃၀၀)အတွက် ဆေးရည်စိမ် ခြင်ထောင်အလုံးရေ (၃၀၀)ပေးအပ်ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ရာတွင် ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့ URC (University  Rescarch Co.LLC)မှ ပုလောမြို့နယ်၊ နန်းသီလာကျေးရွာအုပ်စု၊ သပြုပြင်ကျေးရွာရှိ အိမ်ထောင်စု (၃၀၀)အတွက် ဆေးရည်စိမ်ခြင်ထောင်အလုံးရေ (၃၀၀)ကို URC အဖွဲ့မှ တာဝန်ခံ ဒေါက်တာ လင်းလင်းထွေးမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်၊ ပလောက်နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးသိမ်းမြင့်၊ ပလောက်ကျန်းမာရေးဌာနမှ ဒေါက်တာ ရဲမြင့်ဟိန်း၊ ပလောက်မြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့ဦးစီးမှူး ဦးသွင်စည်သူကျော်ထွေး၊ နန်းသီလာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွှန့်မောင် တို့ထံပေးအပ်ခဲ့ပြီး နန်းသီလာကျလေးရွာအုပ်စု၊ သပြုပြင်ကျေးရွာရှိ အိမ်ထောင်စု (၃၀၀)ထံသို့ ဆက်လက်ထောက်ပံ့ပေး အပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment