Pages

Pages

မြောက်ကိုရီးယားခေါင်းဆောင်နှင့် ရုရှားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ


ဆိုးလ်၊ ဇူလိုင် ၁၉

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် လက်ထောက်ကာကွယ်ရေးဝန်ကြီး Alexey Krivoruchko ဦးဆောင်သည့် ရုရှားစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း Voice of Korea နိုင်ငံပိုင် အသံလွှင့်ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံလုံခြုံရေးကို ပံ့ပိုးကူညီရန်အတွက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်း ရေဒီယိုအသံလွှင့်ဌာနမှ သိရသည်။

ကင်ဂျုံအန်းသည် ယူကရိန်းတွင် အထူးစစ်ဆင်ရေးအတွင်း ရုရှားနှင့် စည်းလုံးညီညွတ်မှုကို အလေးပေးပြောကြားခဲ့ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအတွက် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသည့် ရုရှားစစ်တပ်အား ထောက်ခံကြောင်း ဖော်ပြခဲ့သည်ဟု ရေဒီယိုအသံလွှင့်ဌာနက ပြောကြားခဲ့သည်။


Ref - TASS

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment