Pages

Pages

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီပြောပြိုင်ပွဲ၊ ပုံပြင်ဖတ်ပြခြင်း၊ စာအုပ် စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ







ကြံခင်း၊ ဇူလိုင် ၂၂ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဥာဏ်ရည် ဥာဏ်သွေးထက်မြတ် လာစေရန်ရည်ရွယ်ပြီး ယနေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အမက (ရွာသစ်မြောက်) ကျောင်း မှ ကျောင်းသား၊ ကျောင်းသူများဖြင့် ပန်းချီပြောပြိုင်ပွဲ၊ ပုံပြင်ဖတ်ပြခြင်း၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲကျင်းပပြုလုပ်သည်။ 

ဦးစွာ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ပန်းချီပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြား ပြီး ပန်းချီပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြကာ ဆုရရှိကြသူများ ကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ကလေးစာဖတ် ခန်းတွင် ရုံးအကူ ဒေါ်ဆုရည်နန္ဒာက ပုံပြင်ဖတ်ပြခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင် ဖတ်သည့်အလေ့အကျင့်ရရှိစေရန် ပုံပြင်ဖတ်စေခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။ 

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ ရသ စာအုပ်စာစောင်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာများကို ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးက စိတ်ပါဝင်းစားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 


ဖြိုးဝေလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment