Pages

Pages

ကြံခင်းမြို့၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကို အ-ထ-က(ခွဲ)မြောင်ကြီးကျောင်းတွင် ကျင်းပပြုလုပ်






ကြံခင်း၊ ဇူလိုင်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ မြောင်ကြီးရွာ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အ.ထ.က(ခွဲ) မြောင်ကြီးကျောင်း ခန်းမ၌ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အ.ထ.က(ခွဲ) မြောင်ကြီးကျောင်းအုပ် ဆရာကြီး ဦးမောင်မောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က သားငယ်သမီးငယ် များ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော် လူကောင်းများဖြစ်ပေါ်လာစေရန်၊ အနာဂတ်ရဲ့ သားကောင်း ရတနာများပေါ်ထွက်လာစေရန်၊ လူရည်ချွန်များပေါ်ထွန်းလာစေရန်၊ အသိပညာဗဟုသုတများရရှိလာစေရန်၊ ဗလငါးတန်ပြည့်စုံလာစေရန်နှင့်အပြောစွမ်းရည်တိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များစွာဖြင့် လူငယ် စကားဝိုင်းကျင်းပရခြင်း​ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က ဦးဆောင်ဆွေးနွေးသူ Moderator  အဖြစ်ဆောင်ရွက်ကာ  မောင်စွမ်းထက်အောင် (Grade 10)က " လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနွေးယုယငယ် (Grade-8) က "ကျောင်းသားလူငယ်နှင့် စာပေလေ့လာမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေဇင်မိုမို (Grade 8) က "လူငယ် နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မကြည်ဖြူရှင်းသန့်(Grade-10)က "ကျောင်းသားနှင့်ရိုးရာ ဝတ်စားဆင်ယင်မှု" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြ​ပြီး ဆွေးနွေးချက္များအပေါ် ကျောင်းအုပ်ဆရာကြီးက သုံးသပ်ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြသည်။ ထို့နောက် အထက်ပြဆရာမ ဒေါ်ချောကလျာနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထား သည့် သုတ ရသစာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment