Pages

Pages

ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် အခြေခံပညာကျောင်း (၆)ကျောင်း ယာယီပိတ်ထား



ကြံခင်း၊ ဇူလိုင် ၁၈ 

ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်ခရိုင် ၊ ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိလာမှုကြောင့် အခြေခံပညာကျောင်းဝန်းအတွင်း မြစ်ရေဝင်ရောက်လာသဖြင့် အခြေခံပညာကျောင်း (၆)ကျောင်းအား ယာယီပိတ်ထားလျက်ရှိသည်။ 

ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် ၁၉၇၄ ခုနှစ်တွင်  စိုးရိမ်ရေအမှတ် ၇၇ ပေ ကျော်လွန်ပြီး ၇၆.၈၅ ပေ (2342 cm) ထိ တက်ရောက်ခဲ့ရာ ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၆း၀၀)အချိန်ထိ တိုင်းထွာချက်များအရ စိုးရေရေအမှတ်အထက် ၇၄.၂၅ ပေအထိ မြင့်တက်ရှိနေသောကြောင့် အခြေခံ ပညာကျောင်းများအား ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် အထက(ခွဲ)ကရင်စု၊ အလက(ရေလယ် ကျွန်း)၊ အမက(သောကြာဒူး)၊ အမက(အလယ်ကျွန်း)၊ အမက(ကျွန်းကြီး)၊ အမက(ကျောက်စရစ်ကုန်း) ကျောင်းတို့အား (၁၆.၇.၂၀၂၄) ရက်နေ့မှစ၍ ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


ဖြိုးဝေလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment