Pages

Pages

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီမြစ်၊ လှိုင်မြစ်ရေများ မြင့်တက်လာမှုကြောင့် အဖျောက်-ဥတို-တိုက်ကြီး ကားလမ်းရေကျော်ခြင်းနှင့်လူ‌နေအိမ်များ ရေဝင်ရောက်နေမှုများအား ကွင်းဆင်းကြည့်ရှု




တိုက်ကြီး ၊  ဇူလိုင် ၂၈


ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့်လှိုင်မြစ်ရေများ မြင့်တက်လာမှုကြောင့် အဖျောက်-ဉတို-တိုက်ကြီး ကားလမ်းရေကျော်ခြင်း နှင့်လူနေအိမ်များအတွင်း ရေဝင်ရောက်နေမှုများအား ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။   


ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်ရေနှင့်လှိုင်မြစ်ရေများ မြင့်တက်လာပြီး တိုက်ကြီးမြို့နယ် အ‌ဖျောက်မြို့ ချောင်းသုံးခွကျေးရွာအုပ်စု မိုင်တိုင်အမှတ်(၁၀/၆)အနီး အဖျောက်-ဉတို-တိုက်ကြီး ကားလမ်းမ‌အ‌ရှည်‌ပေ(၅၀၀)ခန့်တွင် ရေ(၁)ပေခန့် ရေကျော်နေမှုအခြေအနေများ၊ ကျေးရွာလူနေအိမ်များအတွင်း ရေဝင်ရောက်နေမှုများ၊ ‌ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဧရာဝတီမြစ်ကမ်းပြိုကမ်းစားအန္တရာယ်မှ ကာကွယ်နိုင်‌ရေးအတွက် မြစ်ကမ်းကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲယာယီဉက္ကဋ္ဌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ခင်အိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။


မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်၊ လှိုင်မြစ်များ မြစ်‌ရေမြင့်တက်ခြင်း၊ ဉက္ကံချောင်း၊ လက်တင်ချောင်းနှင့်မီးနင်းချောင်းများ‌တွင် ချောင်းရေလျှံခြင်းများကြောင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်ခြင်း၊ အခြေခံပညာမူလတန်းကျောင်း၊ မူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)၊ အထက်တန်းကျောင်း(ခွဲ) (၂၈)ကျောင်းတွင် ရေများဝင်ရောက်ခြင်းကြောင့် ကျောင်းများခေတ္တပိတ်ထားပြီး ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ရာသီအတွင်း စိုက်ပျိုးပြီးသော မိုးစပါးသီးနှံများအား ရေလွှမ်းနစ်မြုပ်ဧက(၅၂၈၅၆)ဧက‌ရှိပြီး ထိခိုက်ဧက(၈၉၇)ဧကရှိကာ အဖျောက်တာ၏ ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်မှာ(၃၅)ပေဖြစ်ပြီး ဇူလိုင်လ (၂၈)ရက် နံနက်ပိုင်းအထိ စိုးရိမ်ရေအမှတ် (၃၅.၄၅)ပေဖြစ်ကြောင်း သိရသည်။


စန်းကလျာခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment