Pages

Pages

တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ


 

တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ


ပြည်ပသြဇာခံ 

ပြည်ဖျက်မိစ္ဆာတွေ ထကြွ

ပြည်သူတွေ စစ်ဘေးကြုံရ

အတိဒုက္ခများစွာ။

ရှမ်းမြောက်၊ ကချင်

ကယား၊ ချင်း၊ ရခိုင်

စစ်မျက်နှာပေါင်းစုံမှာ

ပြည်ပသြဇာခံ

ပြည်ဖျက်မိစ္ဆာတွေနဲ့

မူးယစ်ရာဇာတွေ ပူးပေါင်း

ထောင်းလမောင်းကြေအောင်

တိုက်ခိုက်နေကြ။

အပြစ်မဲ့ ရဟန်းရှင်လူပြည်သူကို

ပစ်မှတ်ထားတိုက်ခိုက်နေတဲ့

ပြည်ဖျက်မိစ္ဆာတွေက

တော်လှန်ရေးလို့ 

ကြွေးကြော်နေကြလေရဲ့။

ပြည်ပသြဇာခံ 

ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်

နောက်ကွယ်က ပထွေးတွေအလိုကျ

အမိုက်ဇာတ်ခင်းနေကြတာပါ။

ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်

လှစ်ဟပြရန် လိုသေးလို့လား

ပညာရေး၊ ကျန်းမာရေး

ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ

လမ်းတံတား၊ အဆောက်အဦ

ပျက်စီးဆုံးရှုံးမှုတွေ များလှပါပြီ။

ပြည်ဖျက်မိစ္ဆာ 

အကြမ်းဖက်ဝါဒီတွေ လက်ချက်နဲ့ 

ရဟန်းသံဃာ၊ ကိုရင်၊ သီလရှင်မကျန်

ဆရာ/ ဆရာမ၊ အပြစ်မဲ့ပြည်သူတွေ

ထောင်ပေါင်းများစွာ သေပွဲဝင်ခဲ့ရ။

ကိုဗစ်ကပ်ဆိုးနဲ့ ဒွန်တွဲလို့

ပြည်ဖျက်မိစ္ဆာတွေ

ယုတ်မာရက်စက်သမျှ

လည်ဆင်းခံခဲ့ရတဲ့ ဘဝတွေပါ။

ဒီမိုကရေစီအရည်ခြုံ

လူ့အခွင့်အရေးကို လိုသလိုသုံး

တိုင်းရင်းသားတွေကို ခုတုံးလုပ်

ပြည်သူတွေရဲ့ အသက်ကိုရောင်း

ဒေါ်လာတောင်းစားနေတဲ့

ပြည်ပသြဇာခံ 

လူ့ငနွားတွေ ဖျက်ဆီးလို့ 

မြို့/ရွာတွေ ပျက်စီးရပြီ။

သည်းခံခွင့်လွှတ်ခြင်းရဲ့အဆုံးမှာ

အမြစ်ပြတ်ခြေမှုန်း

ပြည်ဖျက်မိစ္ဆာတွေ အညွန့်တုံးပါမှ

တိုင်းပြည်ရွာ အေးချမ်းမည်ပ။

မညှာရ မတာရ

ပြည်ဖျက်မိစ္ဆာတွေ

မြန်မာ့မြေပေါ်မှာ ရှိနေသမျှ

ပြည်သူတွေ ဒုက္ခများလှ

ပြတ်ပြတ်သားသား ချေမှုန်းကြ။  ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment