Pages

Pages

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ထပ်မံကျဆင်းခဲ့သဖြင့် အိမ်ထောင်စုများ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွေ့

 




ရွှေတောင်  ၊ ဇူလိုင်  ၂၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွေ့နေထိုင်လျက်ရှိသည့်အိမ်ထောင်စုများအနက်  ဧရာဝတီမြစ်ရေသည် (၉၁.၃)ပေသို့ ထပ်မံကျဆင်းခဲ့သဖြင့် အိမ်ထောင်စုအချို့  မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်းသိရသည်။

    ဧရာဝတီမြစ်ရေ ထပ်မံကျဆင်းခဲ့သဖြင့် ရပ်ကွက် (၃)ရပ်ကွက် နှင့်ကျေးရွာအုပ်စု(၁၂) အုပ်စု  အိမ်ထောင်စု အချို့ရှိ  အိမ်ခြေ (၁၆၂ ) ၊အိမ်ထောင်စု ( ၁၉၅)စု ၊လူဦးရေ( ၆၆၅) ဦးတို့အား ၎င်းတို့၏  မူလနေထိုင်ခဲ့သည့် နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့နိုင်ရေးအတွက် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင် ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

     ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွေ့ရန်အိမ်ခြေ( ၅၄၈) အိမ်၊အိမ်ထောင်စု (၅၅၁)စု၊လူဦးရေ (၁၉၄၃)ဦး ကျန်ရှိ‌နေကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment