ချုံချင့်၊ ဇူလိုင် ၁၆
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ရှိ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့် မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွားဖွံ့ဖြိုးရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် Mr. Ran Huazhang အား ၁၅-၇-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ချုံချင့်မြို့ရှိ ယဉ်ကျေးမှုနှင့် ခရီးသွားဖွံ့ဖြိုးရေးကော်မရှင်၌ တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ညနေ ၁၅:၀၀ နာရီတွင် ချုံချင့်မြူနီ စီပယ်အစိုးရ ပညာရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Jin Ling အား ချုံချင့်မြို့ရှိ ပညာရေးကော်မရှင်၌ တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချုံချင့်မြို့ရှိ တက္ကသိုလ်များအကြား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖလှယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment