Pages

Pages

ရန်ကုန် - မော်လမြိုင်ကားလမ်း ကရင်လေးဆိပ်တံတားကို KNLA/PDF အကြမ်းဖက်အဖွဲ့က ဖောက်ခွဲဖျက်ဆီး





မော်လမြိုင်၊ ဇူလိုင် ၁၇

ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၄/၆)နဲ့ (၁၃၄/၇) ကြားရှိ အရှည် (၁၀) ပေ အကျယ် (၅၄) ပေခန့်ရှိ ကရင်လေးဆိပ်တံတားကို ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းက KNLA/PDF ပူးပေါင်းအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

KNLA/PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "ဘာဖြစ်လို့ ဖောက်ခွဲဖျက်ဆီးခဲ့တာလဲဆိုတော့ အဲဒီတံတားကျိုးသွားရင် ပြည်သူလူထုအနေနဲ့ နောက်ထပ်ကွင်းလမ်းကနေသွားရမယ်။ အဲဒီလို သွားတဲ့အခါမှာ KNLA/PDF ပူးပေါင်းအကြမ်းဖက်သမားတွေက ပြည်သူတွေဆီကနေ အတင်းအဓမ္မဆက်ကြေးကောက်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်။ အဓိက ဖောက်ခွဲတဲ့ ရည်ရွယ်ချက်က နောက်ထပ် ကွင်းလမ်းတစ်ခုကို ပြည်သူတွေ အသုံးပြုအောင် အဲဒီလို အသုံးပြုတဲ့အခါ ဆက်ကြေးကောက်ဖို့အတွက်ပါ" ဟု ပြောသည်။

ယနေ့ KNLA/PDF မိုင်းခွဲ ဖျက်စီးသွားသော တံတားနေရာတွင် မြေသားဖို့ပြီး ကားကြီး၊ ကားသေးများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment