Pages

Pages

TNLA အဖွဲ့ဝင် ၃၀၀ ကျော်လောက် သေဆုံးနေဟု KIA လော်ဘီမီဒီယာများက ဖော်ပြ


ကျောက်မဲ၊ ဇူလိုင် ၁

ရှမ်းပြည် (မြောက်ပိုင်း) နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်များတွင် TNLA/PDF အကြမ်းဖက်အဖွဲ့များက တိုက်ပွဲများဖော်ဆောင်လျှက်ရှိပြီး တပ်မတော်အနေဖြင့် ပြန်လည်နှိမ်နင်းဆောင်ရွက်လျှက်ရှိရာ KIA အကြမ်းဖက်အဖွဲ့၏ လော်ဘီမီဒီယာများ၏ ဖော်ပြချက်အရ TNLA အဖွဲ့ဝင် ၃၀၀ ကျော် ကျဆုံးကြောင်း သိရသည်။

KIA လော်ဘီမီဒီယာများ၏ ဖော်ပြချက်အပေါ် "ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်တိုက်ပွဲတွေအတွင်းမှာ TNLA သောင်းကျန်းသူ ၃၀၀ ကျော်လောက် သေသွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါပြီ။ သေတာတွေက ဖုံးမရ၊ ဖိမရလို့သာ ၃၀၀ ကျော်လောက် သေပါတယ်ဆိုပြီး လိမ်ညာဖော်ပြနေတာ။ မြေပြင်မှာကတော့ သေတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ဒီထက်ပိုများတယ်။ ဒါက TNLA တစ်ဖွဲပဲရှိသေးတာနော်။ ကျန်တဲ့အဖွဲ့တွေ မပါသေးဘူး။ အမှန်က အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ  TNLA နဲ့ PDF အကြမ်းဖက်သူပုန်တွေ သေနေတာ ထောင်ဂဏန်းကျော်နေပြီ။" ဟု သုံးသပ်သူတစ်ဦးက ပြောဆိုသည်။

ရှမ်းပြည် (မြောက်ပိုင်း)တွင် KIAနှင့် TNLA အဖွဲ့များ နယ်မြေလုမှုပြဿနာများ ဖြစ်ပေါ်ခဲ့ပြီး မကြာခဏ အချင်းများခဲ့ကြသည်။ MNDAA အဖွဲ့က TNLA/PDF များကို စစ်ကူပေးရန် သီပေါမြို့အနီးဝန်းကျင်တွင် MNDAA အကြမ်းဖက်သမား ၃၀၀ ဝန်းကျင်ကို ဖြန့်ခွဲနေရာထားသည် ဟု သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment