Pages

Pages

TNLA အကြမ်းဖက်အဖွဲ့၏ လက်ချက်ဖြင့် မိုးကုတ်မြို့နေ အရပ်သား ပြည်သူ ၄ဦး သေဆုံး




မိုးကုတ်၊ ဇူလိုင် ၁၈

မိုးကုတ်မြို့အတွင်း TNLA အကြမ်းဖက်အဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ယနေ့ အပြစ်မဲ့ အရပ်သား ပြည်သူ ၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။

TNLA အကြမ်းဖက်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေး အပိုင်း -၂ ဟု ကြေညာပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လာချိန်တွင် နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ တို့ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး TNLA အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် မိုးကုတ်မြို့ပေါ်တွင် သံဃာတော် ၃ပါး၊ ကိုရင် ၁ပါး အရပ်သား ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment