Pages

Pages

USDP ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လူမှုရေးအသင်းအဖွဲများနှင့်တွေ့ဆုံ






ရန်ကုန်၊ ဇူလိုင် ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအတွင်ရေးမှူး ဦးသန်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတိုနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့  က သံလွင်လမ်းရှိ ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)၌ ကျင်းပပြုလုပ်သည့် Three Seasons Foundation နှင့် လူမှုကူညီရေး အဖွဲအစည်းများမှ ဖွင့်လှစ်သင်ကြားလျက်ရှိသော ယဉ်ကျေးလိမ္မာ သင်တန်းများအတွက် (၃၈)ဖြာ ယဉ်ကျေးလိမ္မာသင်ခန်းစာ စာအုပ်များနှင့် အလှူ‌ငွေများလှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပါတီဥက္ကဋ္ဌမှ အလှူငွေများနှင့် စာအုပ်စာတမ်းများအား ပေးအပ်လှူဒါန်းရာ Three Seasons Foundation ဥက္ကဋ္ဌနှင့် လူမှုရေးအသင်းအဖွဲ တာဝန်ရှိသူများမှ လက်ခံခဲ့ကြပါသည်။ ထိုနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ လှူဒါန်းရသည့်အကြောင်းနှင့် နိုင်ငံတော်အတွက် အရေးပါသည့် ကဏ္ဍတွင်ရှိသော NGO များ၏ အခန်းကဏ္ဍကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။

ထိုနောက် Three Seasons Foundation ဥက္ကဋ္ဌ ဦးနေရှိုင်းမှ ကျေးဇူးတင်စကားပြောကြားရာတွင် Foundation ဖွဲစည်းဖြစ်မှုနှင့် ဆောင်ရွက်ခဲ့သောလုပ်ငန်းများ၊ လတ်တလော ဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော အဖွဲအစည်းအသီးသီးမှ တာဝန်ရှိသူများက ၎င်းတို့ဆောင်ရွက်နေသော လုပ်ငန်းများ၊ လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment