ရန်ကုန်၊ သြဂုတ် ၁၄
ရခိုင်ပြည်နယ် သပြုချိုင်ကျွန်း တဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ယမန်နေ့က နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် သပြုချိုင်၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် AA သောင်းကျန်းသူအင်အား ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်များ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိတွေ့မှုဖြစ်စဉ်အတွင်း AA အကြမ်းဖက်သမား ၁၁ လောင်း၊ လက်နက်မျိုးစုံ ၉ လက်၊ ကျည်အိမ် ၅ ခုနှင့် ကျည်အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment