Pages

Pages

ရခိုင်ပြည်နယ်၊ သပြုချိုင်ကျွန်း တိုက်ပွဲတွင် AA အကြမ်းဖက်သမား ၁၁လောင်း ရရှိ




ရန်ကုန်၊ သြဂုတ် ၁၄

ရခိုင်ပြည်နယ် သပြုချိုင်ကျွန်း တဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ယမန်နေ့က နယ်မြေလုံခြုံရေးဆောင်ရွက်စဉ်  သပြုချိုင်၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက်  AA သောင်းကျန်းသူအင်အား ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်များ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိတွေ့မှုဖြစ်စဉ်အတွင်း AA အကြမ်းဖက်သမား ၁၁ လောင်း၊ လက်နက်မျိုးစုံ ၉ လက်၊ ကျည်အိမ် ၅ ခုနှင့် ကျည်အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

 

No comments:

Post a Comment