Pages

Pages

ကြံခင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ကြီးဘုန်းတော်ကြီးကျောင်းနှင့် တာဝတိံသာဇာတ်ရုံတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်







ကြံခင်း၊ ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီး ကြပ်လမ်းညွှန်မှုဖြင့် မြို့မရပ်ကွက်ရှိ ထားဝယ်ကြီး ဘုန်းတော်ကြီးကျောင်းနှင့် တာဝတိံသာ ဇာတ်ရုံတို့၌ ယနေ့ နံနက် ၇ နာရီက ကျောင်းဝန်း၊ ကျောင်းပြင်နှင့်  ဝါတွင်းကာလ ဥပုသ်သီလစောင့်တည်ရန်လာ ရောက် ကြသူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်စေရည်ရွယ်ပြီး ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ဌာနဆိုင်ရာများ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ခြုံနွယ်ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ မြက်ရိတ် စက်ဖြင့်မြက်ဖြတ်ခြင်းနှင့် စွန့်ပစ်အမှိုက်များအား ရှင်းလင်းခြင်းဆောင်ရွက်ပြီး အမှိုက်များ အား  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့်သယ်ယူပြီး သတ်မှတ်နေရာများ တွင်  စနစ်တကျစွန့်ပစ်ဆောင်ရွက်ကြသည်။

အဆိုပါဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ  ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


ဖြိုးဝေလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment