Pages

Pages

ရွှေတောင်မြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတို့ကို ရှင်းလင်း ဟောပြာခြင်းအခမ်းအနားကျင်းပ



ရွှေတောင်   ၊  ဩဂုတ်-၃၁

    ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ်တွင် အထက်တန်းအဆင့် Grade-11 နှင့် Grade-12 ကျောင်းသားကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေတို့ကို ရှင်းလင်းဟောပြာခြင်းအခမ်းအနား  ကို ယမန်နေ့  နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်၊ အထက (ခွဲ) သရက်တောကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။

        ရှေးဦးစွာ ရွှေတောင်မြို့နယ်၊ဒုတိယမြို့နယ်ပညာ‌ရေးမှူး  ဦးအောင်နိုင်ဝင်းက အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ။  ဦးစိုင်းမောင်မောင်က ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများနှင့် ကျောင်းသား ကျောင်းသူများ ဆောင်ရန်၊ ရှောင်ရန်နှင့် သိရှိလိုက်နာရမည့်အချက်များ ကို အသေးစိတ်ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

    အဆိုပါ ‌‌ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတို့ကို ရှင်းလင်း ဟောပြာခြင်းအခမ်းအနားကို အလားတူစွာ အထက ရွှေတောင်ကျောင်း၌လည်း  ယမန်နေ့ နံနက်ပိုင်းကဟောပြောဆောင်ရွက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment