Pages

Pages

စမ်းချောင်းမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာလာသူများ စာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်



စမ်းချောင်း ၊ ဩဂုတ် ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာလာသူများ စာရင်းကောက်ယူရေးလုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၌ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာလာသူများအား စာရင်း‌‌ကောက်ယူခြင်းကို မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်‌ကျေးစာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ဆောင်ရွက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာလာသူ အိမ်ထောင်စု(၈)စု၊ ကျား(၉)ဦး၊ မ(၁၁)ဦး လာရောက်စာရင်းပေးသွင်းကြောင်း သိရှိရသည်။


ဖြူသွယ်ထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment