Pages

Pages

ပြင်ဦးလွင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ သြဂုတ် ၉

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သြဂုတ်လ ၇ ရက်နေ့ ၁၄၀၀ အချိန် ပြင်ဦးလွင်မြို့နယ်၊ ဘိုးနေဒွန်းကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အောင်ဒွေး၊ မင်းသီဟ နှင့် မောင်လှိုင် တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၉၇၅ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၁၉.၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

အောင်ဒွေး(၃၀)နှစ်၊ မင်းသီဟ(၂၃)နှစ် နှင့် မောင်လှိုင်(၄၁)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment