Pages

Pages

ဗဟိုဝန်ထမ်း တက္ကသိုလ်(ဇီးပင်ကြီး)မှာ သင်တန်းတက်ရောက်နေသော ဝန်ထမ်းများအား နေရပ်ပြန်ခွင့် ပြုစေလို (အိတ်ဖွင့်ပေးစာ)

 


ဗဟိုဝန်ထမ်း တက္ကသိုလ်(ဇီးပင်ကြီး)မှာ သင်တန်းတက်ရောက်နေသော ဝန်ထမ်းများ ထိန့်လန့်လျှက်ရှိသော်လည်း နေရပ်သို့ ပြန်လည် စေလွှတ်ခြင်းမရှိသည့် အ‌ခြေအနေနှင့် ကြုံတွေ့နေရပါတယ်။ 

အကြမ်းဖက်သမားများရဲ့ ပစ်မှတ်ဖြစ်လာနိုင်တဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီပင်ကြီး) မှာ တက်ရောက်နေ့တဲ့ သင်တန်းသား/သူ များမှာ စိုးရိမ်၊ ထိန့်လန့်နေကြရပါတယ်။ ပြင်ဦးလွင်မှာ စစ်ဘေးကြို‌ရှောင်ကြသူတွေ များလာတဲ့ ကာလမှာ ဇီပင်ကြီးမှာတော့ နိုင်ငံဝန်ထမ်းတွေ မိမိနေရပ်ကို ပြန်ခွင့်မရဘဲ သင်တန်းဆက်လက်တက်ရောက်နေရပါတယ်။ 

ဝန်ထမ်းတွေရဲ့ အသက်တွေနဲ့ သူတို့ရဲ့မိသားစုဘဝတွေကို ဘာလို့ လောင်းကြေးထပ်နေကြတာလဲ။ ဒီသင်တန်းတွေက နယ်မြေအေးချမ်းသွားရင် လုပ်လို့မရဘူးလား။ သင်တန်းတက်ရောက်နေကြတဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ အသက်အာမခံချက်ကို ဘယ်သူက ပေးမှာလဲ ဆိုတာ သိချင်မိပါတယ်။

နိုင်ငံတော်အကြီးအကဲများအနေနဲ့လည်း ခြိမ်းခြောက်မှုများ ရှိနေတဲ့ ကာလမှာ ဝန်ထမ်းများရဲ့ စိုးရိမ်သောကကို အလေးထား စဉ်းစားပြီး ဆောင်ရွက်ပေးနိုင်စေဖို့ အလေးထား တင်ပြလိုပါတယ်။


ဝန်ထမ်းမိသားစုဝင်တစ်ဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment