Pages

Pages

ပေါင်မြို့နယ်၌တီဘီရောဂါရှာဖွေခြင်းနှင့်အနာကြီးရောဂါရှာဖွေစမ်းသပ်ခြင်းများဆောင်ရွက်





ပေါင်၊ ဩဂုတ်  ၁၄

မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၌တီဘီရောဂါရှာဖွေခြင်းနှင့်အနာကြီးရောဂါရှာဖွေစမ်းသပ်ခြင်းကိုယနေ့နံနက်ပိုင်းက ကော့ထော်ကျေးရွာ ဆေးပေးခန်း၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်ကိုကိုထွေး ကဦးဆောင်၍  မြို့နယ်တီဘီရောဂါဌာန နှင့် အနာကြီးရောဂါဌာန  တို့က ပေါင်မြို့နယ်အတွင်းရှိ ကော့ထော်ကျေးရွာသို့သွားရောက်၍ရောဂါရှာဖွေရေး၊ ဓာတ်မှန်ရိုက်ပေးခြင်း ကုသမှုများလည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ပေါင်မြို့နယ်သည် ရေခံမြေခံကောင်းမွန်သည့်အတွက် ဒေသတွင်းပြည်သူများ စီးပွားရေးအပြင် ကျန်းမာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းမှ  ဒေသခံပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment