Pages

Pages

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဩဂုတ် ၁၆

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်း ကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေးအဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားမြေဥပဒေကို ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်စေရေး၊ မြေစီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်းသော တည်ဆဲဥပဒေများကို လွှမ်းခြုံသက်ရောက်မှုရှိပြီး ဥပဒေအချင်းချင်း သဟဇာတဖြစ်စေရေးကို အလေးထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြေဥပဒေမူကြမ်းရေးဆွဲရာ၌ ခေတ်ကာလစနစ်နှင့် လိုက်လျောညီထွေ ပြောင်းလဲပြင်ဆင်နိုင်မည့်နည်းလမ်းများ ထည့်သွင်းပြုစုရန်လိုအပ်ပြီး အမျိုးသားမြေအသုံးချမှုကောင်စီက သတ်မှတ်ပေးထားသည့်ကာလ (Timeline)အတွင်း အမျိုးသားမြေဥပဒေမူကြမ်းကို ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး အလေးထား လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသားမြေဥပဒေမူကြမ်း၏ နိဒါန်းအခန်းနှင့် အခန်း(၁)မှ (၈)အထိအား အဖွဲ့ဝင်များ၏ အကြံပြုချက်များအရ ကြိုတင်စိစစ်ထားရှိမှုကို ပဏာမမူကြမ်းအဖြစ် အတည်ပြုနိုင်ရေးအတွက် ကော်မတီဝင်များက အလေးထားဆွေးနွေးဆုံးဖြတ်ရန်ဖြစ်ကြောင်း၊ ဥပဒေမူကြမ်း၏ ကျန်ရှိသော အခန်း(၉)မှ(၁၆)အထိကို နောက်တစ်ကြိမ်အစည်းအဝေးတွင် စတင်ဆွေးနွေးနိုင်ရေးအတွက် လျာထားသတ်မှတ်ထားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment