Pages

Pages

လွိုင်လင်မြို့နယ်နှင့် နမ့်စန်မြို့နယ်တို့တွင် ငွေကျပ် ၁၃၆၂.၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ သြဂုတ် ၅

သြဂုတ်လ ၃ ရက်နေ့ ၀၈၄၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပေါင်းလိုင်းရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ပိုင်ဇေဖြိုး မောင်းနှင်ပြီး ပြေသာတိုး လိုက်ပါလာသည့် HONDA INSIGHT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၁၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀ သိန်း)၊ Happy Water အလေးချိန် ၇၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၀ ၄၅ အချိန် မစုဝေဝေထွန်း အား ၎င်းနေထိုင်သည့် နမ့်စန်မြို့နယ်၊ အမှတ်(၂)ကျေးရွာရှိ နေအိမ်အတွင်းမှ  ကက်တမင်း အလေးချိန် ၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅ သိန်း)၊ Happy Water အလေးချိန် ၄၇၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၂၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပိုင်ဇေဖြိုး(၂၀)နှစ်၊ ပြေသာတိုး(၂၀)နှစ် နှင့် မစုဝေဝေထွန်း(၂၇)နှစ်အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment