Pages
▼
Pages
▼
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day) အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းအစီအစဥ်ကျင်းပ
ကျောက်တံတား ၊ သြဂုတ် ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်မှ ညနေ(၄)နာရီအထိ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day) အထိမ်းအမှတ်စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းအစီအစဥ်ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါဉာဏ်စမ်းအစဥ်သို့ စာပေချစ်သူများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်ဖြေဆိုကြရာ အဖြေမှန်သူများအား ဗလာမပါ မေတ္တာလက်ဆောင်များအဖြစ် တိုင်ကပ်နာရီ၊ပေတံ၊ ပိုက်ဆံအိတ်၊ ဘေးလွယ်အိတ်၊ ဖုန်းဘေလ်(၁၀၀၀)တို့ကို ပေးအပ်ခဲ့ကြောင်း ဖြစ်သိရသည်။
ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် ပြည်သူများ ဗဟုသုတရရှိစေရန်အတွက် လစဥ်အထိမ်းအမှတ်နေ့တိုင်း စာအုပ်ပြပွဲများကို ပြသလျက်ရှိကြောင်း သိရှိရပါသည်။
ခိုင်သဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment