လားရှိုး၊ သြဂုတ် ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ကုတင် ၁၀၀ ဆေးရုံကို MNDAA အကြမ်းဖက်အဖွဲ့က ဝင်ရောက်စီးနင်းပြီး ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးကုသမှုခံယူနေသည့် အမျိုးသမီးနှင့် ကလေးငယ်များပါ မကျန် အပြစ်မဲ့ပြည်သူပေါင်း ၁၀၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။
ယမန်နေ့က ဆေးဝါးကုမှုခံယူနေသူများကို MNDAA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့သော်လည်း ဆေးရုံအတွင်း သတ်ဖြတ်ခံခဲ့ရသည့် မှတ်တမ်းများ တွေ့မြင်ခဲ့ရခြင်း မရှိပေ။ ယနေ့ ထွက်ပေါ်လာသော မှတ်တမ်းများအရ MNDAA အကြမ်းဖက်အဖွဲ့သည် အပြစ်မဲ့ အရပ်သားပြည်သူ ရာနှင့်ချီ၍ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ရက်စက်စွာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment