Pages

Pages

အပြစ်မဲ့အရပ်သားပြည်သူ (၁ဝဝ)ကျော်အား ရက်စက်စွာသက်ဖြတ်ခဲ့သည့် MNDAA ဦးဆောင်သော အကြမ်းဖက်အဖွဲ့များ၏ လူမဆန်သော ရက်စက်ယုတ်မာမှုအား ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်မြို့၌ ကျင်းပ

  





ရန်ကုန် ၊ ဩဂုတ်၆                           

ရှမ်းပြည်နယ်(မြောက်ပိုင်)လားရှိုး၊ ကုတင်၁၀ဝဆေးရုံကို သြဂုတ်၂ရက်နေ့က MNDAA အကြမ်းဖက်အဖွဲ့ က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆေးရုံမှ ဆရာဝန်၊ သူနာပြု၊ ဆေးကုသမှုခံယူနေရသည့် အမျိုးသမီး၊ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူပေါင်း ၁၀၀ကျော်ကို အစုလိုက်အပြုံလိုက်ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအား ဆန့်ကျင်ကန့်ကွက်ရှုက်ချပွဲကို ယနေ့နံနက် ၉နာရီက ရန်ကုန်မြို့၊ မြိုတော်ခန်းမရှေ့၌ ကျင်းပခဲ့ ‌ကြောင်းသိရသည်။

MNDAA ဦးဆောင်သော အကြမ်းဖက်အဖွဲ့များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြသည့်အပြင် အပြစ်မဲ့ အရပ်သားပြည်သူပေါင်းများစွာကို ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိခြင်းကြောင့် ရဟန်းရှင်လူပြည်သူများက အကြမ်းဖက်အဖွဲ့များကို ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment