Pages

Pages

ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင်အထွေထွေရောဂါကုဆေးရုံကြီး၏ ဓါတ်မှန်အထူးကုဆရာဝန်ကြီးနှင့် အဖွဲ့ Mobile. USG ဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်

 




ရွှေတောင်  ၊ သြဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံအတွင်းရှိ ပြင်ပလူနာဆောင်တွင် 

ယမန့်နေ့ နေ့လယ်ပိုင်းက ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ ဓါတ်မှန်အထူးကုဆရာဝန်ကြီးဒေါက်တာ လှိုင်ဝါဝါလင်းနှင့်အဖွဲ့ဝင်များမှ Mobile. USG ဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

     ဆေးကုသမှု ဆောင်ရွက်ရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုအားပေး၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး Mobile. USGဓါတ်မှန် ဖြင့် ကုသမည့်လူနာ( ၁၀၀)  ဦးတို့အား ဆေးကုသဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment