Pages

Pages

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ ဖျက်ဆီးသွားသော လမ်းအား ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ပြင်ဆင်




မြင်းခြံ၊ သြဂုတ် ၁၆

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မြင်းခြံ လမ်းပိုင်းအား ဖျက်ဆီးသွားခဲ့ရာ အကြမ်းဖက်သမားများကို ရှင်းလင်းပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ပြင်ဆင်ပြီး ဖြစ်ကြောင်း သိရသည်။

မြင်းခြံမြို့နယ်အတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လိုက်လံ ရှင်းလင်းဆောင်ရွက်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေကြရခြင်းဖြစ်သည်။

မြင်းခြံ ပြည်သူ့စစ်တပ်ဖွဲ့ ကို ဒေါ်သီတာယုမွန် က ဦးဆောင်နေပြီး ဒေါ်သီတာယုမွန် ၏ ပြတ်သားသော ဦးဆောင်မှုဖြင့် PDF အကြမ်းဖက်သမားများအား လိုက်လံနှိမ်နင်းဆောင်ရွက်မှုများမှာ အောင်မြင်မှု ရရှိလာသည့်အတွက် ပြည်သူများကြားတွင် ဒေါ်သီတာယုမွန် ၏ ဂုဏ်သတင်းမှာ ထင်ရှားလာခဲ့သည်။

ဒေါ်သီတာယုမွန်သည် ယခင်က ဘာသာရေးနှင့် ပရဟိတကိုသာ အလေးထား လုပ်ဆောင်ခဲ့သူဖြစ်ပြီး NLD ပါတီ၏ မဲလိမ်မဲခိုးမှုများကို ဦးဆောင်ဖော်ထုတ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူလိုက်စဉ်တွင် NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများက ဒေါ်သီတာယုမွန် အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းလာခဲ့ရာမှ ပြည်သူ့စစ်တပ်ဖွဲ့ကို ဦးဆောင်ကာ NLD အစွန်းရောက် PDF အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်နေခြင်းဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment