Pages

Pages

တာမွေမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်






တာမွေ     ၊  စက်တင်ဘာ       ၇


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်က စတင်ကာ မိုသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများအပြင် ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များနှင့် လမ်းသွားလမ်းလာများ သွာရေးလာရေး တွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။


အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လူမှုကူညီရေးအသင်းဝင်များ ရောက်ရှိကာ  ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အဆင်ပြေချောမွေ့စွာ သွားလာ နိုင်စေရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment