Pages

Pages

ရွှေတောင်မြို့နယ်တွင်ကျေးရွာအုပ်စုတို့ရှိဒေသခံတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်များထုတ်ချေးပေး

  





ရွှေတောင် ၊ စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင် မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက ကွေ့မကျေးရွာအုပ်စု၊ မြို့မကျေးရွာအုပ်စု၊ ပေါင်းချုပ်ကျေးရွာအုပ်စုနှင့် မယားမာန်ကျေးရွာအုပ်စုတို့ရှိတောင်သူများအား ထုတ်ချေးပေးခဲ့သည်။

    ရွှေတောင် မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်စိုးစိုးဦးက စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇)၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်လိုအပ်ကြောင်း၊ ယခင်နှစ်များက ချေးငွေများ အပြေအကျေ ပြန်လည်ဆပ်ပြီးသည့် တောင်သူတစ်ဦးလျှင် လယ်တစ်ဧက ၁၅၀၀၀၀ နှုန်း၊ လယ် ၁၀ ဧကအထိ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

    ထို့နောက် ကွေ့မကျေးရွာအုပ်စု၊ မြို့မကျေးရွာ အုပ်စု၊ ပေါင်းချုပ်ကျေးရွာအုပ်စုနှင့် မယားမာန်ကျေးရွာအုပ်စုတို့ရှိ တောင်သူ ( ၁၆၅)  ဦး၏ လယ်ဧက (၈၇၆ )ဧကအတွက် ချေးငွေကျပ် စုစုပေါင်း    ( ၁၃၁၄)သိန်းကို စနစ်တကျထုတ်ချေးပေးခဲ့သည်။ ရွှေတောင် မြို့နယ်တွင် မိုးစပါးချေးငွေများ ကို ရပ်ကွက်/ကျေးရွာ (၅၁)ရှိ တောင်သူ ( ၇၅၀၀) ဦး၏ လယ်ဧက ( ၃၅၀၀၀ )ဧကအတွက် ချေးငွေ စုစုပေါင်း(၅၂၅၀၀) ကျပ်သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်း သိရပြီး ချေးငွေ ထုတ်ချေးရန်ကျန်ရှိသည့် အုပ်စု ( ၁၇) အုပ်စု တို့အား စက်တင်ဘာလကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ရွှေတောင် မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment